188 Boys Universe ထဲမှ တစ်တွဲဖြစ်ပါတယ်။ 188 Boys ထဲမှ ကျန်တဲ့ဇာတ်လမ်းတွေနဲ့အဆက်စပ်ပိုများတဲ့စုံတွဲဖြစ်တာကြောင့် 188 Boysထဲမှာ ဖတ်ကိုဖတ်သင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်
CEO ရာထူးကို ရရှိပြီးနောက် ပထမဆုံးနေ့မှာ Gu Qingpei က ဥက္ကဋ္ဌရဲ့သားကို ဂရုစိုက်ရန် တာဝန်ပေးခံခဲ့ရတယ်။ အဲ့ဒီမှာပဲ မာနကြီးပြီး စည်းကမ်းမဲ့တဲ့ စစ်သားတစ်ဦးဖြစ်တဲ့ ထိုလူနဲ့Gu Qingpei တို့ မကြာခဏ ထိပ်တိုက်တွေ့ကြပါလေရော…
Gu Qingpei က ထိုစည်းကမ်းမဲ့ ကလေးကို မထိန်းချုပ်နိုင်ရင် သူ့ဝန်ထမ်းများကို ဘယ်လို ဦးဆောင်မှာလဲ…
နေ့ရက်များ ကုန်ဆုံးလာတာနှင့်အမျှ ထိုနှစ်ဦးကြား တင်းမာမှုနဲ့ပဋိပက္ခများ ရှိနေခဲ့ပါတယ် ။ သို့သော် သူတို့၏ ဆက်ဆံရေးမှာ မမျှော်လင့်
ဘဲ ပြောင်းလဲလာခဲ့တော့တယ်….
