ဇာတ်လမ်းအညွှန်း
လောင်းကစားသမားဖခင်ဖြစ်သူဆီကနေ ရောင်းစားခံလိုက်ရတဲ့ ဂူဟုန်းဂျူ ဟာ လောင်းကစားရုံမှာ ခွေးလိုဝက်လိုအလုပ်လုပ်ပြီး စားပွဲထိုးလိုက်၊ တောက်တိုမယ်ရအကုန်လုပ်ရလိုက် ၊အရိုက်နှက်ခံပြီးအကြွေးတောင်းရတဲ့အပြင် အလုပ်ရှင်ရဲ့ ထိပါး နေမှုတွေကို ကြိတ်မှိတ်ခံရရင်း သူ့အဖေရဲ့ မကုန်နိုင်တဲ့အကြွေးတွေကို ဆပ်ပြီး ဘဝကိုပင်ပန်းကြီးစွာ ရှင်သန်နေထိုင်ရပါတယ်။ တစ်နေ့မှာ သူ့ရဲ့အလုပ်ရှင်ကတောင် ရိုရိုကျိုးကျိုးနဲ့ ဆက်ဆံရတဲ့ လူကြီးလူကောင်းပုံရိပ်နဲ့ လူတစ်ယောက်ပေါ်လာပါတယ်။ထို့အပြင် ထိုလူဟာ ဟုန်းဂျူအား စိတ်ဝင်စားသွားပြီး ဒီငရဲတွင်းကနေ ကယ်တင်ပေးမယ့် အပေးအယူ ကို ကမ်းလှမ်းလာတဲ့အခါမှာတော့…