ဇာတ်လမ်းအညွှန်း
အားလုံးသိကြမယ့် Omegaverse အမျိုးအစားလေးဖြစ်ပြီးတော့ စိတ်ဝင်စားစရာအကြီးကြီးလည်းပါဝင်ပါတယ် ။ ခေတ်အဆက်ဆက် မြွေနတ်ဘုရားရဲ့ ယဇ်ကောင်အဖြစ် omega တွေကိုရွေးချယ်တဲ့ မိသားစုတစ်ခုက Jaheon ဟာ ငယ်စဉ်ကလေးဘဝမှာကတည်းက မြေနတ်ဘုရား Mugo ရဲ့ရွေးချယ်ခြင်းကိုခံရပြီး အရွယ်ရောက်ချိန်မှာတော့ မြွေနတ်ဘုရားဆီသို့ ရောက်သွားပါတော့တယ် ။ Jaheon ကိုယဇ်ကောင်အဖြစ်နာနာခံခံလုပ်စေတဲ့အချက်ကတော့ မြွေနတ်ဘုရားရဲ့ ယဇ်ကောင်ဖြစ်ရင် ယဇ်ကောင်ရဲ့မိသားစုက ချမ်းသာကြွယ်ဝမှုတွေရရှိမယ်ဆိုတာပါပဲ ။
သို့သော်..
မြွေနတ်ဘုရားရဲ့ ဝါးမျိုခြင်းကိုခံရမယ်လို့ ထင်ထားခဲ့ပေမယ့် ထူးဆန်းတာတွေဖြစ်သွားခဲ့တယ်
Mugo နတ်ဘုရားက တစ်ကိုယ်ထဲ စိတ်သုံးခုရှိနေပြီးတော့ အဲ့စိတ်သုံးခုက စရိုက်တွေမတူကြပါဘူး။ Jaheon တစ်ယောက်စံအိမ်ကြီးထဲ စိတ်သုံးမျိုးနဲ့ ဘယ်လိုသုံးပါးသွားမလဲဆိုတာကတော့ ကြည့်လိုက်ကြရအောင်