ဇာတ်လမ်းအညွှန်း
ဟော်လီးဝုဒ်ရဲ့အကျော်ကြားဆုံးကြယ်ပွင့်ဖြစ်တဲ့ Chase Miller နဲ့မတော်တဆတစ်ညတာကုန်ဆုံးမိပြီး Miller မိသားစုရဲ့သွေးသားကိုမွေးဖွားခဲ့တယ်
အဲ့ဒီနောက်မှာတော့ ကလေးကိုတစ်ယောက်တည်း ပြုစုပျိုးထောင်နေတဲ့ Joshua ကရုတ်တရက်မေ့လဲသွားတဲ့သူ့အမေရဲ့ ဆေးရုံစရိတ်အတွက်ငွေရှာဖို့လိုတာကြောင့် Chase ရဲ့သက်တော်စောင့်အဖြစ်ပြန်လုပ်ဖို့ အကြောင်းဖန်လာပါတော့တယ်
Chase က Joshua ကိုမမှတ်မိလို့ခဏလောက်စိတ်သက်သာရာရမိပေမယ့် ဒီလူကကြည့်ကောင်းတဲ့မျက်နှာနဲ့ကွဲထွက်နေတဲ့ စရိုက်ကိုတွေ့တိုင်းနှလုံးခုန်သံမြန်လာပြီး ရင်တထိတ်ထိတ်နဲ့ကြည့်နေရတယ်…
“ခြောက်လလောက်ပဲတောင့်ခံထားစမ်းပါ ”
” ဒီခွေးရူးလိုကောင် Chase Miller လက်အောက်မှာ ”
Kiss Me Liar နဲ့ Universe တစ်ခုထဲဖြစ်ပြီး Kiss Me Liar မှာလည်း အပိုင်းအနည်းငယ်ပါတဲ့ YeonWoo ကိုကူညီပေးခဲ့တဲ့ Emma ရဲ့အကို Josh ရဲ့ သီးသန့် Story ဖြစ်ပါတယ်