ဇာတ်လမ်းအညွှန်း
မဖြစ်နိုင်တဲ့သူတစ်ယောက်ကို ချစ်မိသွားတဲ့အခါ ရွေးချယ်စရာတစ်ခုတော့ လုပ်ရတယ်…
Wistad ဘုရင့်နိုင်ငံရဲ့ ထီးနန်းဆက်ခံသူ မင်းသား Ferance က omegaတစ်ယောက်ဖြစ်ပေမဲ့ သူ့မှာ လျှို့ဝှက်ချက်တစ်ခုရှိပါတယ်။
ဘုရင်နတ်ရွာစံပြီးနောက်မှာ ရင်ခွင်ပိုက်အုပ်ချုပ်သူ Amandarisက သူ့ကို ထောင်ချောက်ဆင်ပြီး အမှတ်အသား လုပ်ခဲ့တယ်။
အဲ့ဒီကတည်းက နိုင်ငံရဲ့ ထိန်းချုပ်မှုဟာ Amandaris လက်ထဲကို ရောက်သွားပြီး Ferance ကလည်း ရုပ်သေးမင်းသားတစ်ပါးလို ဖြစ်သွားပါတော့တယ်။
တစ်နေ့မှာတော့ နိုင်ငံခြားကနေ လျှို့ဝှက်ဆန်းကြယ်တဲ့alphaသံတမန်တစ်ယောက် ရောက်လာပါတယ်။ Ferance ဟာ အမှတ်အသားကို ပြန်ဖျက်နိုင်တဲ့ သူ့ရဲ့စွမ်းရည်အကြောင်းကို ကြားသိရပြီး သူ့ကို ချည်နှောင်ထားတဲ့ ကျိန်စာကို ဖယ်ရှားဖို့ မျှော်လင့်ချက်နဲ့ ချဉ်းကပ်ခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ဒီလူဟာ ထင်ထားတာထက် ပိုထူးဆန်းတယ်ဆိုတာကို သူ သိလိုက်ရပါတော့တယ်…
