ဇာတ်လမ်းအညွှန်း
Yeonho ဆိုတဲ့ စစ်အရာရှိတစ်ယောက်က သူ့ရဲ့ သဘာဝလွန်စွမ်းအားတွေသုံးပြီး လူတွေကို မကောင်းဆိုးဝါးလိုသတ္တဝါမျိုးစုံကနေ ကာကွယ်ပေးနေတာပါ။
သူ့မှာ ထူးခြားတဲ့စွမ်းအားတွေ ရှိပေမဲ့ ကြာရှည်စွာ အသုံးပြုတဲ့အခါ သူ့ရဲ့စွမ်းအင်တွေဟာ ရူးသွပ်သလို ဖရိုဖရဲဖြစ်သွားတတ်ပြီး ကြမ်းတမ်းတဲ့ သားရဲတွေကို နှိမ်နင်းပြီးတာနဲ့ ချက်ချင်းသန့်စင်မှု မလုပ်နိုင်ဘူးဆိုရင် မေ့လဲသွားတတ်ပါတယ်။
ဒါပေမဲ့ နောက်နေ့မနက် မျက်လုံးဖွင့်လိုက်တဲ့အခါ မူးမေ့လဲနေတုန်း တစ်စုံတစ်ယောက်နဲ့ လိင်ဆက်ဆံမိပြီးနောက်မှာ သူ့ရဲ့ရူးသွပ်နေတဲ့ စွမ်းအင်တွေ မယုံနိုင်လောက်အောင် ပျောက်ကွယ်သွားတာကို သူ သတိထားမိလိုက်ပါတယ်။ သူ့မျိုးနွယ်ရဲ့ သြဇာအာဏာနဲ့ သက်ရောက်မှုတွေအပေါ်မှာပဲ အမြဲလိုလို စိုးရိမ်ပူပန်နေတတ်တဲ့ သန့်စင်သူ Haejinက သူ့ကို သန့်စင်ပေးခဲ့တာ မဖြစ်နိုင်ဘူးလို့ သံသယဝင်ပြီး Yeonho ဟာ တစ်ခါလောက် ထပ်ပြီး သတိလစ်ချင်ယောင် ဆောင်လိုက်ပြန်ပါတယ်။
ဒီလိုနဲ့ သူ့အခန်းထဲကို သန့်စင်ဖို့ဝင်လာတဲ့ Haeryung ဆိုတဲ့ သန့်စင်သူကို သူ ဖမ်းဆုပ်လိုက်ပြီး ဒီလူဟာ သူစိမ်းတစ်ယောက်ဖြစ်ပေမဲ့ ထူးဆန်းစွာ ရင်းနှီးတဲ့ခံစားချက်မျိုး ပေးနေတာကို သိလိုက်ရပါတော့တယ်…
“မင်း… ဘယ်သူလဲ?”
