188 Boys Universe ထဲမှ တစ်တွဲဖြစ်ပါတယ်။ 188 Boys ထဲမှ My beloved Fool ဇာတ်လမ်းနဲ့အဓိက ဆက်စပ်နေတဲ့စုံတွဲဖြစ်တာကြောင့် 188 Boysထဲမှာ ဖတ်ကိုဖတ်သင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်
မိသားစုတစ်စုက ပျင်းရိပြီး အသုံးမကျတဲ့ သူဌေးသားလေးတစ်ယောက်ကို Yu Fengcheng ဆီ ပို့ပြီး ဆုံးမခိုင်းခဲ့ပါတယ်။ ဒီလိုခက်ခဲတဲ့အခြေအနေတွေမှာ သခင်လေး Bai ဟာ ဘယ်သူ့ကိုမှ အကူအညီတောင်းလို့မရဘဲ မျက်ရည်တွေနဲ့ သူ့ကံကြမ္မာကို လက်ခံခဲ့ရတော့တာပေါ့။ နေ့တိုင်း ခက်ခဲတဲ့ လေ့ကျင့်မှုတွေနဲ့ ထိခိုက်ခံစားနေရတာက နာကျင်နေပြီဖြစ်တာတောင် ဒီလူက ဘာလို့ သူ့ကို အချိန်တိုင်း ရွဲ့စောင်းနေရတာလဲ။ အပြင်ပန်းက ကြည့်ကောင်းပေမယ့် ဒီလို ကံဆိုးမိုးမှောင်ကျစေမယ့်သူက မကောင်းတဲ့ရည်ရွယ်ချက်တွေ အပြည့်ရှိတာပဲ…သခင်လေး Bai ကတော့ ဘယ်တော့မှ အရှုံးမပေးဘူး
