ဇာတ်လမ်းအညွှန်း
ဝမ်ယိုအီးလ် ဟာ ထူးဆန်းတဲ့နာမည်တစ်ခုကြောင့် တနင်္လာနေ့တိုင်းမှာ အနိုင်ကျင့်ခံရတဲ့ ကောင်လေးတစ်ယောက်ပါ ဒါကြောင့် သူဟာ တနင်္လာနေ့တိုင်းကို ကြောက်နေလေ့ရှိပါတယ် ။ အနာကျင်ဆုံးရတော့ကတော့ သူ့ကိုအနိုင့်ကျင့်တဲ့သူက အရင်းနှီးဆုံးသူငယ်ချင်းဖြစ်နေတာကြောင့် စိတ်ဒဏ်ရာရခဲ့ပြီး ကျောင်းပြောင်းခဲ့ရတယ် ။
သူအသက်ဆက်မရှင်ချင်တော့အထိ ဘဝကြီးကိုစိတ်ပျက်ပြီးနောက်မှာ သူပြောင်းလာတဲ့ကျောင်းမှာပဲ သူရဲ့ကံကောင်းမှုတွေစတင်လာပါတော့တယ် ။
သူ့ဘဝထဲကိုဝင်ရောက်လာတဲ့ Savior ဆိုတဲ့လူတစ်ယောက်ကို သူ့ကို တနင်္လာနေ့ရဲ့ငရဲကနေ ကယ်တင်ခဲ့တယ်။ သူတို့နှစ်ဦးကြားမှာ ဖြစ်လာတဲ့ ဆက်ဆံရေးဟာ သူငယ်ချင်းဆက်ဆံရေးသက်သက်သာ ဖြစ်နိုင်ပါ့မလား
