ဇာတ်လမ်းအညွှန်း
Minhyung ရဲ့ တစ်သက်တာ ဆန္ဒက ရိုးရှင်းပါတယ်။ သူ့ကိုပြုစုပျိုးထောင်ပေးခဲ့တဲ့ Yijae ကို လုံးဝပိုင်ဆိုင်ဖို့ပါပဲ။ သူက သူ့ရဲ့ မိုက်မဲတဲ့ စွဲလမ်းမှုကို ဖုံးကွယ်ပြီး လမ်းမှာရှိတဲ့ အတားအဆီးမှန်သမျှကို ဖယ်ရှားပစ်ခဲ့ပါတယ်။ ဒါမှလည်း Yijae က သူ့တစ်ယောက်တည်းကိုပဲ မှီခိုလာမှာကိုး။ ဒါပေမဲ့ Hyeon Ho ဆိုတဲ့ လူတစ်ယောက် ရောက်လာပြီး အရာအားလုံးကို ပြောင်းလဲပစ်လိုက်ပါတယ်။
Minhyung ရဲ့ တိကျတဲ့ အစီအစဉ်တွေက ဒီအရဲတင်းတဲ့ ကျူးကျော်သူကို တောင့်ခံနိုင်ပါ့မလား…ဒါမှမဟုတ် ငယ်ဘဝရဲ့အိပ်မက်တချို့က မပြည့်မြောက်နိုင်ဘူးဆိုတဲ့ ခါးသီးတဲ့ အမှန်တရားကို သူရင်ဆိုင်ရမှာလား…
