Shin ဟာ မြို့လမ်းမကြီးများပေါ်မှာ မသမာတဲ့နည်းတွေနဲ့ လုပ်စားနေတဲ့ စက်ပြင်ဆရာတစ်ယောက်ပါ ။ဒါ့အပြင် ကိုယ်ပိုင်ဆိုင်ခန်းမရှိပဲ လမ်းမပေါ်မှာ ပြေးလွှားပြီးစက်ပြင်တာဖြစ်တဲ့အတွက်ကြောင့် တရားမဝင်ပါဘူး ။ ပြဿနာကတော့ အလုပ်က ဘယ်တော့မှ လွယ်လွယ်နဲ့ပိုက်ဆံမရခဲ့တာပါပဲ။
တစ်နေ့မှာတော့ ကားပျက်နေတဲ့အမျိုးသားတစ်ယောက်ကို သူသွားပြင်ပေးလိုက်တဲ့အချိန် မြင်လိုက်ရတာကတော့ ထိုလူက အရပ်ရှည်ပြီး ဆံပင်ရွှေရောင်နဲ့ ဒေါ်လာတစ်သန်းစာလောက်၀တ်ဆင်ထားတာပါ ။ ဒါ့အပြင်ထိုလူ့ဆီက ကားပြင်ခအပြင် အပိုပါ ထပ်ပေးခဲ့တာကြောင့်Shin က ဒီလို ဖောက်သည်ကို လက်လွှတ်ဖို့ရာ ဝန်လေးနေခဲ့ပြီး ထို့လူရဲ့ကားကိုလည်း တိတ်တိတ်လေးကလိလိုက်သေးတဲ့အပြင် သူ့ဖုန်းနံပါတ်ကိုလည်း ပေးခဲ့လိုက်ပါတယ် ။
သို့သော် Jake ကို သူ့ဖုန်းနံပါတ်ပေးလိုက်တာဟာ သူလုပ်ဖူးသမျှထဲမှာ အကြီးမားဆုံးအမှားဖြစ်နိုင်တယ်ဆိုတာ သူနည်းနည်းမှမသိခဲ့ပါဘူး… Jake က သူ့ကားကို ပြင်ပေးတာထက် သူ့ဆီက ပိုလိုချင်နေရတဲ့အရာတစ်ခုကိုရောပေါ့…