ဒါကတော့2041ခုနှစ်ကိုရောက်နေတဲ့ရှေ့ပြေးခေတ်type လေးပါ
– လူသားစက်ရုပ်ကလေးဖြစ်တဲ့Timothy (ထီမို)ဟာဆိုရင်Ouမိသားစုကမွေးစားထားတဲ့လူသားစက်ရုပ်မွေးစားသားလေးပါ ဒါပေမယ့် Ou မိသားစုရဲ့သားအရင်းဖြစ်တဲ့အိုလီနဲ့ထီမိုတို့ဟာနေရာတစ်ခုထဲမှာအတူတူနေကြပေမယ့်အချင်းချင်းမသိကြပါဘူး
– ဒီလိုနဲ့တစ်နေ့မှာ ကြမ်မာကအလိုရ ထီမိုနဲ့အိုလီတို့ဟာအချင်းချင်းသိသွားကြပြီး အရမ်းရင်းနှီးသွားကြပါတော့တယ်
– 6နှစ်သားလေးအိုလီစိတ်မပျော်ချိန်မှာဆိုရင်ထီမိုဟာသူ့ရဲ့အဖော်ဖြစ်တဲ့လိပ်ပြာစက်ရုပ်လေးတွေနဲ့အတူ လိပ်ပြာပုံစံပြပြီးအိုလီပေါက်စလေးစိတ်ပြေအောင်အမြဲလုပ်ပေးတက်တာကြောင့် အိုလီရဲ့ရင်ထဲမှာထီမိုဟာအရေးကြီးတဲ့သူတစ်ယောက်ဖြစ်သွားခဲ့ပါတယ်
– ဒီလိုအိုလီအတွက်အရေးကြီးတဲ့ထီမိုဟာတစ်နေ့မှာရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်
ဘာကြောင့်ပျောက်ဆုံးသွားတာလဲဆိုတာစောင့်ကြည့်ရမှာပါ?
– ငယ်ငယ်လေးထဲကနေပျောက်ဆုံးသွားတဲ့ထီမိုကို Ou Li (အိုလီ)ဟာအမြဲမပျက်ရှာခဲ့ပါတယ် ဒီစိတ်ကြောင့်နဲ့ပဲအိုလီဟာလဲ လူတွေနဲ့ထိတွေ့မရတဲ့အရည်ပြားရောဂါတစ်ခုဖြစ်သွားခဲ့ပါတယ် (အိုလီဟာလူတွေရဲ့အသားနဲ့ထိမိရင် အဲ့ထိမိတဲ့နေရာကနီလာပြီး ယားယံသလိုဖြစ်လာတဲ့စိတ်နဲ့ပါတ်သတ်တဲ့ရောဂါတစ်မျိုး)
– အဲ့အကြောင်းအရာတွေကြောင့်နဲ့ပဲ အရွယ်ရောက်လာတဲ့အိုလီဟာ Ou မိသားစုကနေထွက်လာပြီး Ou Li (အိုလီ) နာမည်ကနေ Dr. Ivan အမည်သစ်နဲ့ဘဝသစ်ကိုစတင်ပါတော့တယ်
– ဘဝသစ်စတင်နေတဲ့အိုလီဟာ တစ်နေ့မှာ သူရှာနေခဲ့တဲ့ ထီမိုဆိုတဲ့လိပ်ပြာအကိုကြီးနာမည်နဲ့တူတဲ့ လူသားစက်ရုပ်ထီမိုနဲ့တွေ့ဆုံခဲ့တယ်( သူရှာနေခဲ့တဲ့လူသားစက်ရုပ်ဖြစ်တဲ့သူ့လိပ်ပြာအကိုကြီးထီမိုနဲ့နာမည်ဆင်ပေမယ့် အခုထီမိုကရုပ်မတူကြပါဘူး)
ဒီလိုရုပ်မတူကြပေမယ့်နာမည်တူတဲ့ဒီလူသားစက်ရုပ်ထီမိုဟာ တကယ်တကယ်တမ်းသူငယ်စဉ်ကတည်းကရှာဖွေနေခဲ့တဲ့ သူ့ရဲ့လိပ်ပြာအကိုကြီးများဖြစ်နေမလား ?
အိုလီဟာလူတိုင်းနဲ့ထိတွေ့မရပေမယ့်ဘာကြောင့် အခုထီမိုနဲ့ထိတွေ့လို့ရနေရတာလဲ ?
သူ့လိပ်ပြာအကိုကြီးထီမိုကိုရှာချင်လို့ အခုလက်ရှိထီမိုကို အိုလီကဘယ်လိုအသုံးချမလဲ?
ထီမိုကရော Ouမိသားစုကိုလက်စားချေဖို့ အိုလီတစ်ဖြစ်လဲ Dr.Ivanကိုဘယ်လိုအသုံးချမလဲ?
တသ်ယောက်ကိုတစ်ယောက်အသုံးချဖနု့တွေးနေကြတဲ့သူတို့နှစ်ဦးကရော ဘယ်လိုအဆုံးသတ်ကြမလဲဆိုတာစောင့်လိုက်ကြရအောင်….