“မင်း ကောင်းကောင်းလုပ်ခဲ့တယ်။ သူများတွေ မင်းကို ဘယ်တော့မှ လက်ညှိုးမထိုးစေနဲ့။”
Myeongha ဟာ ပင်မအိမ်မှနှင်ထုတ်ခံခဲ့ရပြီးနောက် သင်္ချိုင်းစောင့်လုပ်ခဲ့ရပြီး ခက်ခဲကြမ်းတမ်းတဲ့အထီးကျန်ဘဝမှာ နေထိုင်ခဲ့ရတယ်။ တစ်နေ့မှာ သူ့အဖေက အလုပ်တစ်ခု ခိုင်းခဲ့တာကြောင့် ဒီလိုရိုးရှင်းတဲ့အလုပ်တစ်ခုကို အေးဆေးပြီးသွားမယ်လို့ သူထင်ခဲ့သော်လည်း တော်ဝင်မင်းသားရဲ့နန်းတော်ကို ရောက်သွားပါတော့တယ်… သူ့ခမျာ သင်္ချိုင်းစောင့်ကနေတော်ဝင်မင်းသား Lee Sahwon ၏ လူများဆီအထိ သွားခဲ့ရပြီး မထင်ထားတဲ့ ကံကောင်းမှုလေးကတော့ Lee Sahwonသူ့ကို ပေးတဲ့နွေးထွေးမှုတွေ သူ့တွင်ရှိသောတစ်ခုတည်းသော နွေးထွေးတဲ့အရာလေးဖြစ်လာခဲ့တာပါ
ဒါပေမယ့်သူသိတဲ့ Sahwon က ညဘက်ကျ လုံးဝမတူတဲ့လူတစ်ယောက်ဖြစ်သွားတာကရော…