ဇာတ်လမ်းအညွှန်း
Yoon က တိရစ္ဆာန်ဆေးရုံမှာ အလုပ်လုပ်ပါတယ်။ Eunwoo က မကြာခဏဆိုသလို ဆေးကုသဖို့ ဆေးခန်းကို ရောက်လာတတ်တော့ Yoon အတွက်ကတော့ စိတ်အနှောင့်အယှက် ဖြစ်ရတာပေါ့။ တစ်ရက်မှာတော့ Eunwoo ရဲ့ ဒဏ်ရာတွေကို ကုသဖို့အတွက် Yoon က သူ့ရဲ့မျက်နှာဖုံးကို ချွတ်လိုက်တဲ့အခါ သူ့ရဲ့ရုပ်ရည်ချောမောမှုကြောင့် လုံးဝကို ဖမ်းစားခံလိုက်ရပါတယ်။
သွားစရာနေရာမရှိတဲ့ Eunwoo ကို Yoon က သူ့အိမ်ခေါ်လာပြီး အတူတူနေထိုင်ကြပါတယ်။ သူတို့နှစ်ယောက် ပိုပြီးရင်းနှီးလာလေလေ၊ Yoon က Eunwoo အကြောင်းကို ပိုပြီး စပ်စုချင်လာလေလေ ဖြစ်လာတဲ့အခါမှာတော့…
